ဝက်သားနီချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာဟင်းလက်ရာ ၀က်သားနီးချက်ပါ။ ၀က်သားနီချက်မှာ
သကြားကို ဆီသပ်တာက အဓိက ကြပါတယ်။ သကြားနီညှိရောင်သန်းသွားမှ ၀က်သားထည့်ကာ ၀က်သားနီသည်အထိ လုံးချက်ရတာမို့ ၀က်သားနီချက်လို့ ခေါ်ကြတာပါ။ အရသာ ချိုချဉ် အရသာလေးနဲ့ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းတခွက်ဖြစ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
ဝက်အဆီနဲ့အသား (သို့) ၀က်သားသုံးထပ်
သား – ၅၆၀ ဂရမ် (၃၅ကျပ်သား) (အတုံးကြီးများ တုံးထားပေးပါ)
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
ငရုတ်သီးပွပု အနီ – ၂ခု (ပြုတ်ပြီ အစေ့ထုတ်ကာ ညက်အောင် ထောင်းပါ)
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း အမောက်
ငပိ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
မကျဉ်းရည်အနှစ် – စားပွဲတင်ဇွန်း ၂ဇွန်း
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
နုပ်ထားရန် ပါဝင်ပစ္စည်းများ
ကြက်သွန်ဖြူ – ၃မွှာ (မညက်တညက် ထောင်းပါ)
ကြက်သွန်နီ – ၂လုံး (မညက်တညက် ထောင်းပါ)
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ၀က်သားများကို နုပ်ထားရန်ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ ဆနွင်းမှုန့်) တို့ကို သမအောင် ရောနုယ်ပြီ ၁၅မိနစ်ခန့် နုပ်ထားပေး
၎။ ပြီနောက် ငရုတ်သီးအနှစ်၊ ငပိ၊ ကြက်သွန်နီ(ပါးပါးလှီး) တို့ကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။
၅။ ထို့နောက် ဒယ်ထဲ ရေ(၁ခွက်)ထည့်ကာ ၀က်သား ဆီပြန်သည်အထိ အဖုံးအုပ်ကာ ချက်ပေးပါ။
၆။ ပြီလျှင် ၀က်သားမနူးမခြင်း ရေ(၁ခွက်) ခြင်းစီ ထပ်ခါထပ်ခါ ထည့်ချက်ပေးပါ။
မှတ်ချက်။ ။ ၀က်သားချက်ရာတွင် တခါတည်း ရေအများကြီး မထည့်ပါနှင့်..
ရ။ ၀က်သားနူးအိပြီ ဆီပြန်ပြီဆိုလျှင် မကျည်းရည်ထည့်ကာ ရောမွှေပြီ မီးပိတ်လိုက်ပါ။

No comments:
Post a Comment