ကြွရောက်လာသော မိတ်ဆွေများအား ကောင်းကြိုက်သူမှ မေတ္တာပို့ သလိုက်ပါတယ် လိုတရသော ဘဝတခုကိုပိုင်ဆိုင်နိုင်ပါစေ..၊

Monday, 17 November 2014

တရုတ်စတိုင် ပြည်ကြီးငါး အစာသွပ်ကြော်

တရုတ်စတိုင် ပြည်ကြီးငါး အစာသွပ်ကြော်နှင့် ကျောက်ပွင့်သုပ်ပါ။ ပြည်ကြီးငါးထဲကို ၀က်သား၊ မုန်လာဥနီ၊ ကြက်သွန်မြိတ် အစာသွပ်ပြီ အကြွပ်ကြော်ထားတာမို့ ကြွပ်ရွပြီ စားလို့ အရမ်းကောင်းပါတယ်။ ကျောက်ပွင့်သုပ်ကို မြန်မာစတိုင် ပဲမှုန့်လေးနဲ့
သုပ်ထားပါတယ်။ တူတူလုပ်စားကြည့်ရအောင်…

ပြည်ကြီးငါးတွင် ပါဝင်ပစ္စည်းများ

ကင်ပွန်း(သို့) ပြည်ကြီးငါး – ၃၀ကျပ်သား (အစာသွပ်ရန် အကောင်ကြီးရလျှင် ပိုကောင်းသည်)
ဝက်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စင်းပါ)
မုန်လာဥနီ – ၁ခု (နှုတ်နှုတ်စင်းပါ)

ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှတ်စင်းပါ)
ငါးငံပြာရည် – စားပွဲတင်ဇွန်း တ၀က်
ခရုဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ကြက်ဥ – ၁လုံး
ဂျုံမှုန့် – စားပွဲတင်ဇွန်း ၃ဇွန်း
ပါမုန့်ခြောက် – ၂ခွက်စာ
ပြည်ကြီးငါး အစာသွပ် ချက်ပြုတ်နည်း

၁။ အရင်ဆုံး ပြည်ကြီးငါး ပေါ်မှ အညှိုအချွဲ၊ အရည်ခွံ၊ ခေါင်းအားလုံးကို ဖယ်ရှားပြီ သန့်စင်ထားပေးပါ။

၂။ ထို့နောက် ခွက်တစ်ခုထဲတွင် (၀က်သား၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ခရုဆီ၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောမွှေပေးပါ။၃။ ပြီနောက် ပြည်ကြီးငါးထဲ နုယ်ထားသော ၀က်သားများကို အစာတ၀က်သွပ်ပေးပါ။၎။ ပြီနောက် ပြည်ကြီးငါး လက်များကို ပုံတွင် ပါသည့်အတိုင်း ထည့်ပြီ သွားကြာထိုးတံဖြင့် ပိတ်ပေးပါ။၅။ ထိုနည်းအတိုင်း ကျန်ပြည်ကြီးငါးများကို အစာသွပ်ပေးပါ။ ထို့နောက် ပေါင်းအိုးဖြင့် ပြည်ကြီးငါး အစာသွပ်ကို ၁၅မိနစ်ခန့် ပေါင်းပေးပါ။ ပေါင်းပြီလျှင် သွားကြာထိုးတံများကို ပြန်ဖယ်ပေးပါ။၅။ ထိုနည်းအတိုင်း ကျန်ပြည်ကြီးငါးများကို အစာသွပ်ပေးပါ။ ထို့နောက် ပေါင်းအိုးဖြင့် ပြည်ကြီးငါး အစာသွပ်ကို ၁၅မိနစ်ခန့် ပေါင်းပေးပါ။ ပေါင်းပြီလျှင် သွားကြာထိုးတံများကို ပြန်ဖယ်ပေးပါ။၆။ ပြီလျှင် ခွက်တစ်ခုထဲ (ကြက်ဥ၊ ဂျုံမှုန့်) ထည့်ပြီ သမအောင် ခလောက်ပေးပါ။ရ။ ကြက်ဥခလောက်ထားသော ခွက်ထဲသို့ ပြည်ကြီးငါး အစာသွပ်ကို စိမ်ပေးပါ။၈။ ပြီနောက် ပါမုန့်ခြောက်များ ကပ်ပေးပြီ ဒယ်ထဲ ဆီများများထည့်ပြီ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။၉။ ပြီနောက် ပြည်ကြီးငါးအစာသွပ်ကြော်များကို အကွင်းလေးများ လှီးပေးပြီ ကျောက်ပွင့်သုပ်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

No comments:

Post a Comment